ဝါးရင်းချိုင်ရွာ၊ ထီးလင်းမြို့နယ်
ဝါးရင်းချိုင်ရွာ သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ဝါးရင်းချိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၂၈၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဝါးရင်းချိုင်ကျေးရွာအုပ်စုတွင် ကျား ၁၂၆ ဦး၊ မ ၁၃၂ ဦး၊ လူဦးရေ စုစုပေါင်း ၂၅၈ ဦးနေထိုင်သည်။ ၂၀၂၂ နိုဝင်ဘာ ၂၄ နံနက် ၈ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ရွာကို ဝင်ရောက်မီးရှို့ခဲ့သဖြင့် နေအိမ် ၃၆ လုံး မီးလောက်ပျက်စီးခဲ့ပြီး ရွာသား ကိုကျော်စိုးမင်း၊ ကိုမင်းဇော်နှင့် ကိုအောင်နိုင်ဟိန်းတို့ လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခံခဲ့ရသည်။ ၂၀၂၅ ဖေဖော် ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် စစ်ကောင်စိစစ်တပ် အင်အား ၇၀ ခန့် လိုက်ပါသည့် စစ်ကြောင်းသည် ဝါးရင်းချိုင်ရွာတွင်းသို့ ဝင်ရောက်ကာ နေအိမ်များမှ ပစ္စည်းများကို ခိုးယူခဲ့ကြသည်။
Read article